Home About FAQs Agents EN | MM
အာဏာရှင်နိဂုံး ဆိုသည်မှာ
      "The End of Dictatorship" (မြန်မာလိုအားဖြင့် "အာဏာရှင် နိဂုံး") ကို အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးရည်ရွယ်ချက်ဖြင့် ၂၀၂၂ မေလတွင် တည်ထောင်ခဲ့သည်။
      အာဏာရှင်နိဂုံး စီမံကိန်းကို မြန်မာနိုင်ငံ တရားဝင်အစိုးရ NUG ၏ “စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန” အတိုကောက် အားဖြင့် MoPFI ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းပါတယ်။ စီမံကိန်းမှာ MoPFI မှ ကိုယ်စားလှယ်များ အပြင်၊ အခြားဝန်ကြီး ဌာနများ၊ သီးခြား အဖွဲ့အစည်းများ၊ တစ်ဦးချင်း ဗော်လန်တီယာများ ပါဝင်ကြပါတယ်။ ဥပဒေ၊ နည်းပညာ၊ ပရောဂျက်၊ ရာဖြတ်၊ စျေးကွက်၊ သတင်းပြန်ကြားရေး၊ ပြည်တွင်း/ပြည်ပ ဆက်သွယ်ရေး၊ စာရင်းစစ် စသည့် အဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်းထားပါသည်။
      အာဏာရှင်နိဂုံး၏ ဦးဆောင်စံပြစီမံကိန်းအဖြစ် စစ်ကောင်စီ အဖွဲ့ဝင်တွေနှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများ မတရား ရယူထားသည့် ပိုင်ဆိုင်မှုများကို NUG က ပြန်လည်သိမ်းယူရယူရန် အချို့ ပိုင်ဆိုင်မှုများကို တော်လှန်ရေးကာလအတွင်း အမြန်ဆုံး သိမ်းယူပြီး EOD မှ ပြန်လည်ရောင်းချပါမည်။
ရည်ရွယ်ချက်
  1. အာဏာရှင်စနစ်၊ အာဏာရှင် အဖွဲ့အစည်း၊ အာဏာရှင် လူပုဂ္ဂိုလ် အားလုံး အဆုံးသတ်ရန်။
  2. NUG အစိုးရတရပ်အနေဖြင့် အာဏာရှင်များ မတရားရယူထားသော ပြည်သူပိုင်ပစ္စည်းများအား ပြန်လည်ရယူနိုင်ရန်။
  3. မြန်မာနိုင်ငံတွင် သာမက၊ တကမ္ဘာလုံးက အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်။